·  3 min  ·  essay

ကျွန်တော့်ရဲ့ ပထမဆုံးစာ


မင်္ဂလာပါ။ ဒီ post က ကျွန်တော့် website ပေါ်မှာ ပထမဆုံးရေးထားတဲ့ မြန်မာစာ post ဖြစ်ပါတယ်။

ဒီနေရာကို ကျွန်တော် စိတ်ကူးတွေ၊ နေ့စဉ်အလုပ်လုပ်ရင်း သင်ယူခဲ့တဲ့ အရာတွေ၊ software development နဲ့ design အပေါ် အမြင်တွေကို တင်ဖို့ ရည်ရွယ်ထားပါတယ်။ ရှုပ်ထွေးတဲ့ အရာတွေကို ရိုးရိုးရှင်းရှင်း ပြန်ရေးနိုင်ဖို့ ကျွန်တော်ကြိုးစားမယ်။

အခုစတင်တဲ့ အချိန်မှာ အရေးကြီးဆုံးက ပြည့်စုံတဲ့ စာတစ်ပုဒ်ရေးနိုင်ခြင်းထက် မပျက်မကွက် ဆက်ရေးနိုင်ဖို့ပဲလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့် ဒီ post ကို အစပြုခြင်းအဖြစ် ရေးထားတာပါ။

နောက်လာမယ့် post တွေမှာ —

  • coding လုပ်တဲ့ အတွေ့အကြုံတွေ
  • product တည်ဆောက်ရင်း တွေ့ရတဲ့ lesson တွေ
  • typography နဲ့ interface design အပေါ် စဉ်းစားချက်တွေ

ကို မြန်မာလို ပိုပြီး စနစ်တကျ ရေးသွားပါမယ်။

ဒီ post ကို ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ ဒီ website က ကျွန်တော့်အတွက် စာရေးဖို့နဲ့ အတွေးတွေကို သိမ်းထားဖို့ အိမ်သေးသေးလေးတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။