← All notes

ကျွန်တော်နှင့် ပကာသနများ - ၁

အရင် ကျွန်တော် Ubuntu သုံးတုန်းက Desktop မှာ themes တွေ လျှောက်ထည့်၊ effect တွေလျှောက်ထည့်ပြီး သုံးတယ်။ Workspace တစ်ခုနဲ့ တစ်ခုပြောင်းရင် Cube effect တို့၊ app window ပိတ်လိုက်ရင် မီးတောက်ပြီး ပိတ်သွားတာတို့၊ minimize လုပ်ရင် origami ခေါက်ပြီးသိမ်းသွားတာတို့ပေါ့ဗျာ။ အဲ့ဒီတုန်းက ကျွန်တော်တို့အခေါ် ပကာသန တွေပေ့ါ။ ပြီးရင် အဲ့လိုလျှောက်စမ်းရင်း ဘာမှသုံးမရတော့လို့ reset ချရတာ၊ reset ချရုံနဲ့ မရလို့ OS ပြန်တင်ရတာလည်း အခါခါပေါ့။ အဲ့ဒီတုန်းကလည်း ကိုယ်ဖြေရှင်းတတ်တဲ့ နည်းလမ်းဆိုလို့ အဲ့ဒါပဲ ရှိတာကိုး။

မှတ်မှတ်ရရ ၂၀၁၅၊ ၁၆ လောက်က ဖြစ်မယ်ထင်တယ် အဲ့ဒီလို customization လုပ်၊ theme တွေလျှောက်ရှာကြည့်ရင်း Window Manager ဆိုတာ တွေ့ရော၊ အဲ့ဒီမှာစပြီး စမ်းကြည့်တယ်ပေါ့။ အဲ့ဒီအချိန်က i3 WM လားမသိဘူး။ အဲ့ဒီတုန်းကတော့ စမ်းကြည့်ရုံပဲကြည့်ပြီး သေချာမသုံးဖြစ်လိုက်ဘူး၊ Unity လောက်မကြိုက်ဘူးကိုး။ ပြီးတော့ laptop screen တစ်ခုတည်းနဲ့ဆိုတော့ သိပ်အားမရဘူး၊ fullscreen ပဲ ပြန်ပြန်သုံးဖြစ်တာကိုး။

နောက်ပိုင်း Ubuntu က Unity ကို မသုံးတော့ဘဲ Gnome default နဲ့ လာတဲ့နောက် အဲ့ဒီ ပကာသနတွေ တစ်ခန်းရပ်တာပဲ။ ဒါပေမယ့် ထုံးစံအတိုင်းတော့ ၆ လတစ်ခါ OS version အသစ်ထွက်ရင် KDE ပြောင်းလိုက်၊ Gnome ပြောင်းလိုက်နဲ့ theme တွေလိုက်ရှာပြီး သုံးနေတုန်းပဲ။ အဲဒီလိုနဲ့ Desktop ပေါ်က ပကာသနတွေ နဲနဲငြိမ်သွားတဲ့နောက်မှာ Terminal အတွက် ပကာသနတွေ စလာပါလေရော။ Zsh ပြောင်းတာ၊ syntax highlighting တွေထည့်တာ၊ powerlevel9k/10k သုံးပြီး prompt theme ပြောင်း၊ vim configuration တွေပြောင်းတာ စတော့တာပဲ။

ဆက်ရန် ~

Portrait of Hein

Hein

Tech Enthusiast | Cloud Solutions Architect